(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် တရားပွဲ
>> 2011年5月20日金曜日
(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိကဆရာတော်
ဘဒ္ဒန္တဣန္ဒပါလမထေရ်၏ ထေရုပတ္တိအကျဉ်း
ဓမ္မဘဏ္ဍာဂါရိကဆရာတော်
ဘဒ္ဒန္တဣန္ဒပါလမထေရ်၏ ထေရုပတ္တိအကျဉ်း
တိပိဋကဓရလောင်းလျာဆရာတော်ကို ၁၃၂၂-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁၀)ရက် (၁၇-၇-၁၉၆၀)၊ တနင်္ဂနွေနေ့တွင် ခမည်းတော် ဦးငွေတင်အောင် + မယ်တော် ဒေါ်ပဲစိန်တို့မှ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ မကျည်းကျွန်း၌ ဖွားမြင်တော်မူခဲ့ပါသည်။
ဆရာတော်သည် ၁၉၇၂-ခုနှစ်တွင် ရှင်သာမဏေပြုကာ၊ ၁၉၈၁-ခုနှစ် ကဆုန်လပြည့်ကျော် (၈)ရက်နေ့တွင် မြင့်မြတ်တင့်ဆန်း အထက်တန်းရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ရဟန်းဖြစ်သည့်နှစ်မှာပင် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ တော်၊ ၁၉၈၆-ခုနှစ်တွင် သာသနာ့ဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့တော
မြန်မာနိုင်ငံတွင် ၁၉၄၈-ခုနှစ်မှ ၂၀၁၁-ခုနှစ်ထိ (၆၂)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ၌ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရဆရာတော် ၁၂ပါး အောင်မြင်ပေါ်ထွန်းခဲ့ရာ နံပါတ် (၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော် ဖြစ်တော်မူခဲ့ပါသည်။ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့များတွင် အခက်ခဲဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ဘွဲ့တော်ဖြစ်ပါသည်။
ထိုမျှမကသေး။ ဆရာတော်သည် ၂၀၁၀-ခုနှစ်တွင် တရားဘဏ္ဍာတိုက်ကိုထိန်းသိမ်းစောင်
တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ၂၀၁၁-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ နာကအိတဘရှိရပ်ကွက်ရှိ ထေရ၀ါဒပရိယတ္တိကျောင်းတော်ကြီးသိ
- တရားပွဲနေ့ရက် ။ ။ ၂၀၁၁-ခုနှစ်၊ မေလ (၂၂) ရက် (တနင်္ဂနွေနေ့)
- တရားပွဲအချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၃) နာရီ မှ ညနေ (၅) နာရီ အထိ
- တရားပွဲနေရာ။ ။ Toshima-Ku, Kami-Ikebukuro 2-5-1, Kenko Plaza, 7th Floor (မီးခိုးခေါင်းတိုင်အနီး)
တရားပွဲအစီအစဉ်ကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။
တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်(CHANNEL A)
ဂျပန်စံတော်ချိန် ညနေ ၃း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၂း၀၀ နာရီ
မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ
ရုရှားစံတော်ချိန် နံနက် ၈း၀၀ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၂း၀၀ နာရီ
ထုတ်လွှင့်မည့် အင်တာနက်လိပ်စာ - http://www.livedhamma.com
0 コメント:
コメントを投稿