(န၀မ) တိပိဋကဓရဆရာတော် တရားပွဲ အစီအစဉ်

>> 2011年7月28日木曜日


မြတ်တရားတော်နာဖိတ်ကြားလွှာ


ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင် သူတော်စင်များအား နိဗ္ဗာန်အကျိုးမြော်ကိုး၍
နှိုးဆော်တိုက်တွန်းအပ်ပါသည်။


နဝမ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဂန္ဓမာလာလကာင်္ရမထေရ်မြတ်သည် ၂၀၁၁-ခုနှစ်၊ သြဂုတ်လဆန်း ၇-ရက်တနင်္ဂနွေနေ့ ညနေ ၆နာရီအချိန်၊ တိုကျိုမြို့ နာကအိတဘရှိ မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ တရားဟောခန်းမကြီးတွင် တွဲဖက်အတက်ခ်ျဖိုင်ပါ ဖိတ်စာအတိုင်း သံသရာဆင်းရဲဒုက္ခ အေးငြိမ်းစေရေး၊ နဂိုယာမြို့တော်တွင် ဗြဟ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းတော် ဖြစ်မြောက်ရေးတရားတော်များကို မေတ္တာရှေးထား ဟောကြားတော်မူမည်ဖြစ်ပါသည်။ မြတ်ဘုရားရဲ့သားတော် တိပိဋကဆရာတော်ဘုရားကြီးကို ဖူးမြော်ကြည်ညို ကန်တော့ရင်း တရားတော်များ နာကြားနိုင်ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

တရားပွဲဖြစ်မြောက်ရေးအဖွဲ့ 
MTBA ဥပဋ္ဌာကအဖွဲ့

တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းဖြန့်ဝေခြင်းအားဖြင့် ဓမ္မဒါနပြုတော်မူနိုင်ပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။





Read more...

ရွှေညဝါဆရာတော်ဘုရား ၏ တရားပွဲ ဓမ္မသဘင်

>> 2011年7月27日水曜日



ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အပေါင်းအား နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံမှ ရွှေညဝါဆရာတော်ဘုရား ၏ တရားပွဲ ဓမ္မသဘင်ကို ၃၁-၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ ၆နာရီ အချိန်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရွှေညဝါဆရာတော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ နာကအိတဘရှိ ရပ်ကွက်တွင် တည်ရှိသည့်မြန်မာဘုန်းတော်ကြီးကျောင်းတွင် ၂၉-၇-၂၀၁၁ သောကြာနေ့မှ စတင်၍ ၁၄-၈-၂၀၁၁- တနင်္ဂနွေနေ့တိုင်အောင် သီးတင်းသုံးတော်မူမည်ဖြစ်ပါသည်။

ရွှေညဝါဆရာတော်ဘုရားကြီးသည် မိမိကိုယ်ကျိုးမဘက် တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာတော်၏ မျက်နှာကိုသာကြည့်ပြီး မိမိတို့ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဘဝ တိုးတက်အောင်မြင်ရေးကို ရှေးရှုလျက် တရားဓမ္မတော်များကို ဟောကြားပြသ ညွှန်ပြတော်မူလျက်ရှိနေသည်မှာ လူမျိုးဘာသာ သာသနာတော်အတွက် တန်းဖိုးမဖြတ်နိုင်အောင်ပင် ထူးချွန်အောင်မြင်လျက်ရှိနေပါသည်။ သို့ပါ၍ ဆရာတော်ဘုရား ကြွရောက်သီးတင်းသုံးပြီး တရားရေအေးတိုက်ကျွေးခိုက် ကြုံတောင့်ကြုံခဲ တရားပွဲ ဓမ္မသဘင်ကို ကြွရောက်နာယူနိုင်ပါရန် အထူးနှိုးဆော်တိုက်တွန်းအပ်ပါည်။

ဆရာတော်ဘုရားသတင်းသုံးတော်မူသည့်အခိုက် ဆွမ်းကွမ်းဝေယျာဝစ္စတာဝန် ကပ္ပိယကာရကတာဝန်များကို ပြုလုပ်ဆောင်ရွက်လိုသော စေတနာရှင် သဒ္ဓကြည်လင်ပါရမီရှင်များအားလည်း လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန် ဖုံးနံပါတ်

080-4171-9333
03-3973-3348

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ
သဗ္ဗေသတ္တာ အဝေရာဟောန္တု



Shwe Nya War Sayar Taw Invitation 1

Read more...

အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် (အခမဲ့) ဂျပန်ဘာသာစကားပြောသင်တန်း

Read more...

ဝါဆိုသင်္ကန်းကပ်လှူပွဲ မှတ်တမ်းဓါတ်ပုံ


ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA)

၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် ကျင်းပပြီးစီးခဲ့သော ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ မှတ်တမ်းဓါတ်ပုံများ


Read more...

ထူးမြတ်တင့်ကဲ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ဖိတ်ကြားလွှာ

>> 2011年7月8日金曜日



အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်များအား မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်---

မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသာဝက ရဟန်းသံဃာတော်အရှင်သူမြတ်များ ဝါတွင်းသုံးလ မည်သည့် နေရာမျှ အကြောင်းမဲ့ ခရီးသွားလာခြင်းမပြုဘဲ မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်၌သာ သီတင်းသုံး နေထိုင်လျက် ဂန္ဓဓုရ၊ ဝိပဿနာဓုရ နှစ်ဖြာဓုရ ကျင့်သုံးရမည်ဟူသော ပညတ်တော်မူခဲ့သည့် ဝိနည်းဒေသနာတော်နှင့်အညီ မိမိတို့ မှီတင်းနေထိုင်ရာ ဂျပန်နိုင်ငံ၌လည်း တိုကျိုမြို့၊ နဂိုယာမြို့၊ အိဘရကိမြို့၊ ခိတကျူရှုးမြို့များ၌ မိမိတို့မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သီတင်းသုံးတော်မူလျက်ရှိကြပါသည်။ ထိုဆရာတော် သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သုံးဆောင်နိုင်ရန်အတွက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကြီးကို နှစ်စဉ်မပျက် ကျင်းပမြဲနေရာဖြစ်သော တိုကျိုမြို့၊ အိတဘရှိ- ရပ်ကွက်၌တည်ရှိသော ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA) ၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အစီအစဉ်

နေရာ။ ။ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA) ၊ အိတဘရှိ၊ နကချော ၃၉-၁၊ တိုကျိုမြို့
နေ့ရက်။ ။ ၁၀-၇-၂၀၁၁-ခုနှစ်၊ တနင်္ဂနွေနေ့ (၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)
အချိန်။ ။ နံနက် ၁၀း၃၀ ခန့်အချိန်တွင် ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။

နံနက် ၁၂း၀၀ အချိန်တွင် နေ့လည်စာ အတူတကွ သုံးဆောင်ကြပါမည်။
နေ့လည် ၁း၃၀ ခန့်အချိန်တွင် ပင့်ဖိတ်အပ်သည်ဖြစ်၍ အရပ်လေးမျက်နှာမှ ကြွရောက်တော်မူ ကြကုန်သော သံဃာတော် အရှင်သူမြတ်များအား စေတနာသုံးတန် ပြဋ္ဌာန်းကာ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်၊ စုပေါင်းရေစက်ချ အမျှဝေကြမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ဆရာတော်သံဃာတော်များအတွက် ဝါဆိုသင်္ကန်းကို မိမိတို့မြန်မာဘုန်းတော်ကြီးကျောင်းတွင် တစ်စုံလျှင် ယန်းသုံးထောင်နှုန်းဖြင့် ဝယ်ယူပူဇော်ကပ်လှူနိုင်ပါသည်။ သီးသန့်ဆွမ်း အလှူရှင်များ အနေဖြင့်လည်း ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်တို့အား ဧည့်ခံ ကျွေးမွေးနိုင်ရန် အလှူဒါနများပြုလုပ်နိုင်ပါသည်။

ဆက်သွယ်လှူဒါန်းရာဌာန

BANK ACCOUNT NUMBER --5559115(FUTSU),
OOMORI BRANCH, MIZUHO BANK
{ITABASHI-KU NAKACHO-39-1, TOKYO, JAPAN
PHONE 03-3973-3348 080-4171-9333}


Read more...

Live Dhamma (Channel D For Japan)

တရားတော်များ ရုပ်သံ တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ်

(www.livedhamma.com မှ စီစဉ်တင်ဆက်ပါသည်။)



Streaming Video by Ustream.TV

မြန်မာ ပြက္ခဒိန်

မြန်မာ ပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

About This Blog

  © Blogger template Webnolia by Ourblogtemplates.com 2009

Back to TOP