လပတ်အစည်းအဝေးနေ့ရက် အကြောင်းကြားခြင်း

>> 2012年6月28日木曜日

မိမိတို့ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၏ လစဉ်အစည်းဝေးကို လစဉ်ပထမပါတ်တွင် ကျင်းပမြဲဖြစ်သော်လည်း ယခုလ(July-ဇူလိုင်လ)အတွက် အစည်းဝေးကို ပထမပါတ်တွင် မကျင်းပဘဲ ဒုတိယပါတ် တနင်္ဂနွေနေ့ (၈-၇-၂၀၁၂)တွင် ကျင်းပမည့်အကြောင်းကို ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အစဉ်ရှေ့ရှုလျက် ကျရာတာဝန်ဝတ္တရာများကို ကိုယ်ကျိုးမဖက် စေတနာသက်သက်ဖြင့် အားပေးအားမြောက်ပြုကြကုန်သော ထေရဝါဒပရိယတ္တိဥပဋ္ဌာကအဖွဲ့ ( MCWA / MTBA) အဖွဲ့သူအဖွဲ့သားများအား ဖိတ်ကြားအပ်ပါသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး မိမိတို့ နေထိုင်ရာ ဂျပန်နိုင်ငံ၌ ဆတက်ထမ်းပိုး တိုးတက်စေရန်
စိတ်ရည်သန်၍၄င်း၊ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲနိုင်စေရန်အတွက် စိတ်ရည်သန်၍၄င်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကြီးအတွက်၎င်း၊ ယခုလ၏ ဒုတိယပါတ်တနင်္ဂနွေနေ့ (၈-၇-၂၀၁၂) နေ့လည် သုံးနာရီမှစတင်၍ ညနေ ငါးနာရီအထိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၏လစဉ်ပုံမှန် အစည်းဝေးကို
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ပါ၍ မပျက်မကွက် တက်ရောက်နိုင်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

မေတ္တာဖြင့်
ထေရဝါဒပရိယတ္တိကျောင်းဆရာတော် 

Read more...

ရခိုင်ဒေသရှိဒုက္ခသည်များအတွက် လှူဒါန်းနိုင်ရန် အသိပေး အကြောင်းကြားခြင်း

Rakhaing

Read more...

မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီးထံမှ သြ၀ါဒခံယူပွဲ နှိုးဆော်လွှာ

>> 2012年5月4日金曜日

အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးမဘက် ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် မန္တလေးမြို့ မစိုးရိမ်ဆရာတော်ကြီးသည် မိမိတို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နကအိတဘရှိ- ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးတွင် ကြွရောက်သီတင်းသုံ့းနေတော်မူနေပြီ ဖြစ်ပါသည်။ 

ဆရာတော်ဘုရား၏ သြဝါဒတရားတော်များ နာခံမှတ်သားရင်း ဆရာတော်ဘုရားကြီးအား ကြွရောက်ဖူးမြော်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

တစ်လခန့် သီတင်းသုံးတော်မူမည်ဖြစ်ပါသည်။ စုံစမ်းလိုပါက 03-3973-3348 ------080-4171-9333--------070-5517-9333 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

အထူးအားဖြင့် ယခုအပါတ် တနင်္ဂနွေနေ့ မနက်ဆယ်နာရီမှ စတင်၍ ကျောင်းတော်ကြီးနှစ်ပါတ်လည်ပွဲတွင် သြဝါဒတရား ချီးမြင့်တော်မူပါမည်။ 

ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၊ တိုကျို၊ ဂျပန်



  
ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားတော်ကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပါသဖြင့် အောက်ပါ အင်တာနက်စာမျက်နှာများမှတဆင့် စောင့်မျှော်နာယူပူဇော်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
www.livedhamma.com (Channel D)
www.dhammaflavour.net
www.mtbajpn.blogspot.jp

Read more...

ဗန်းမော်ဆရာတော်ကြီး တရားပွဲ

>> 2012年4月28日土曜日

Bamaw Sayadaw's Dhamma Talk In Tokyo
ဗန်းမော်ဆရာတော်ကြီး၏ တရားပွဲအစီအစဉ်ကို ယခုအင်တာနက်စာမျက်နှာမှ လည်းကောင်း၊ Live Dhamma (www.livedhamma.com) Channel D နှင့် ၀ိမုတ္တိရသ (www.dhammaflavour.net) တို့မှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Read more...

ကျူရှူးဆရာတော်ကြီးအတွက် ရည်စူးကုသိုလ်ပြုပွဲ ဖိတ်ကြားခြင်း

>> 2012年1月18日水曜日

sayadaw u kemeainda

Read more...

Live Dhamma (Channel D For Japan)

တရားတော်များ ရုပ်သံ တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ်

(www.livedhamma.com မှ စီစဉ်တင်ဆက်ပါသည်။)



Streaming Video by Ustream.TV

မြန်မာ ပြက္ခဒိန်

မြန်မာ ပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

About This Blog

  © Blogger template Webnolia by Ourblogtemplates.com 2009

Back to TOP