တိပိဋကဆရာတော် တရားပွဲဖိတ်ကြားလွာ

>> 2011年12月20日火曜日

Dhamma Talk Invitation

Read more...

ဗုဒ္ဓဘိသေက မင်္ဂလာ

>> 2011年12月12日月曜日

Buddha Bitheka Akan Anar.docx PDF

Read more...

အောင်စကြာဆရာတော် တရားပွဲဖိတ်ကြားလွှာ

>> 2011年12月10日土曜日



Read more...

မဟာဘုံကထိန် ဖိတ်ကြားလွှာ

>> 2011年10月2日日曜日




** စာလုံးများ မသဲကွဲပါက ပုံကို ကလစ်နှိပ်ပြီး ဖတ်ပေးပါရန်။

Read more...

ဗုဒ္ဓဘာသာအသင်းတော်ကြီး၏ အစည်းအဝေးဖိတ်စာ

>> 2011年9月29日木曜日

အားလုံးသော ဓမ္မမိတ်ဆွေ MTBA/ MCWAအဖွဲ့ဝင်များအား အသိပေးအကြောင်းကြားအပ်ပါသည်။

လာမည့် အောက်တိုဘာလ ပထမပါတ် (2- 10-2011) တနင်္ဂနွေနေ့ နေ့လည်သုံးနာရီမှစ၍ ညနေငါးနာရီတိုင်အောင် ထေရဝါဒဗုဒ္ဓဘာသာအသင်းတော်ကြီး
လစဉ်ပထမပါတ် အစည်းဝေးကို ကျင်းပမည်ဖြစ်ပါသောကြောင့် မပျက်မကွက် တက်ရောက်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
မိမိကိုယ်တိုင်လည်း မြတ်ဘုရား၏ထေရဝါဒဗုဒ္ဓသာသနာ ဂျပန်နိုင်ငံမှာ ကြာရှည်စွာ ထွန်းလင်းစေနိုင်ရန်အတွက် ဆွေးနွေးလိုသော အချက်အလက်များအား စုဆောင်းထားနိုင်ကြပါရန်နှင့်
ကျင်းပမြဲဖြစ်သော ကထိန်ပွဲတော်ကြီးနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်လိုသော အချက်အလက်များကိုလည်း စုဆောင်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မေတ္တာများစွာဖြင့်

ဆရာတော်

Read more...

ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တိုကျိုမြို့ တွင် (၁၈၊ ၉၊ ၂၀၁၁) ၌ ဟောကြားတော်မူသောတရားတော်

>> 2011年9月19日月曜日









Video streaming by Ustream

Read more...

ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တိုကျိုမြို့ တွင် (၁၇၊ ၉၊ ၂၀၁၁) ၌ ဟောကြားတော်မူသောတရားတော်









Video streaming by Ustream

Read more...

ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တိုကျိုမြို့ တွင် (၁၁၊ ၉၊ ၂၀၁၁) ၌ ဟောကြားတော်မူသောတရားတော်

>> 2011年9月12日月曜日









Video streaming by Ustream









Video streaming by Ustream

Read more...

ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) နာဂိုယာမြို့ တွင် ဟောကြားတော်မူသောတရားတော်









Video streaming by Ustream

Read more...

အွန်လိုင်း ဓမ္မသဘင်ပွဲ မြတ်တရားနာ ဖိတ်ကြားလွှာ

>> 2011年9月8日木曜日




နိုင်ငံကျော်ဓမ္မကထိက ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ ဓမ္မပူဇာတရားပွဲများကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ကြပါရန် မေတ္တာရှေ့ထား နှိုးဆော်တိုက်တွန်းအပ်ပါသည်။



တရားပွဲအစီအစဉ် (၁)


နေ့ရက် စက်တင်ဘာလ ၁၁ရက် (တနင်္ဂနွေနေ့ )


တိုက်ရိုက်ထုတ်လွှင့်မည့်အချိန် (CHANNEL D)


ဂျပန် စံတော်ချိန် 12:30 pm


စင်္ကာပူ စံတော်ချိန် 11:30 am


နယူးယောက် စံတော်ချိန် 11:30 pm


ရုရှားစံတော်ချိန် 7:30 am


နေရာ ။ ။ Tenma-Cho Hall,နဂိုယာ




တရားပွဲအစီအစဉ် (၂)


နေ့ရက် - စက်တင်ဘာလ ၁၁ ရက် (တနင်္ဂနွေနေ့)


တိုက်ရိုက်ထုတ်လွှင့်မည့်အချိန် (CHANNEL D)


ဂျပန်စံတော်ချိန်- 6:00 pm


စင်္ကာပူစံတော်ချိန် - 5:00 pm


နယူးယောက်စံတော်ချိန် - 5:00 am


ရုရှားစံတော်ချိန် - 1:00 pm


နေရာ 2 nd Floor, Shinjuku Bunka Center




တရားပွဲအစီအစဉ် (၃)


နေ့ရက် - စက်တင်ဘာလ ၁၇ ရက် (စနေနေ့)


တိုက်ရိုက်ထုတ်လွှင့်မည့်အချိန် (CHANNEL D)


ဂျပန်စံတော်ချိန်- 6:00 pm


စင်္ကာပူစံတော်ချိန် - 5:00 pm


နယူးယောက်စံတော်ချိန် - 5:00 am


ရုရှားစံတော်ချိန် - 1:00 pm


နေရာ နာကချော၊ချိအိခိစင်တာ




တရားပွဲအစီအစဉ် (၄)


နေ့ရက် - စက်တင်ဘာလ ၁၈ ရက် (တနင်္ဂနွေနေ့)


တိုက်ရိုက်ထုတ်လွှင့်မည့်အချိန် (CHANNEL D)


ဂျပန်စံတော်ချိန်- 6:00 pm


စင်္ကာပူစံတော်ချိန် - 5:00 pm


နယူးယောက်စံတော်ချိန် - 5:00 am


ရုရှားစံတော်ချိန် - 1:00 pm


နေရာ နာကချော၊ချိအိခိစင်တာ




www.livedhamma.com


www.dhammaflavour.net


http://mtbajpn.blogspot.com/

Read more...

ဒယ်အိုးဆရာတော် တရားပွဲ ဖိတ်ကြားလွှာ

>> 2011年9月4日日曜日

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလတရားပွဲ (ဂျပန်)

Read more...

ဖျာပုံဆရာတော် တရားနာ ဖိတ်ကြားလွှာ

>> 2011年8月12日金曜日

မြတ်တရားနာ ဖိတ်ကြားလွှာ



ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းအား နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

၂၀၁၁-ခုနှစ်၊ ဩဂုတ်လ၊ ၁၄-ရက် တနင်္ဂနွေနေ့ ညနေ ၆-နာရီအချိန်တွင် အိုဆုက ဘူတာအနီးရှိ ( တိုရှိမကု တိုဘု ကုမင်းဂျိမုရှော ဆုဂါမို ရဲရုံးချုပ်ဘေးရှိTOSHIMAKU- TOBU KUMIN JIMUSHO) ခန်းမကြီး၌ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ တိုကျိုမြို့တော် နာကအိတဘရှိ-ရပ်ကွက်ရှိ ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီးသို့ ဝါဆိုဝါကပ်ရန် ကြွရောက်တော်မူလျက်ရှိသော ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိသာရဒ(ဖျာပုံဆရာတော်) မထေရ်မြတ်မှ သတ္တဝါအများ အပူငြိမ်းစေရာအမှန် မြတ်နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ကို ဟောကြားပြသ သွန်သင်ဆုံးမတော်မူမည်ဖြစ်ပါသည်။ သို့ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် မေတ္တာရှေ့ထား နှိုးဆော်တိုက်တွန်းအပ်ပါသည်။

တရားနာအချိန်ကို သတိပြုပေးပါရန်

လက်ဆင့်ကမ်းအသိပေးခြင်းဖြင့်လည်း ဓမ္မဒါနကုသိုလ်ယူနိုင်ကြပါရန်လည်း အထူးတိုက်တွန်းအပ်ပါသည်။

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိနိုင်ကြပါစေ

တရားပွဲဖြစ်မြောက်ရေးအဖွဲ့ (MTBA)

Read more...

တရားပွဲ တိုက်ရိုက်ထုတ်လွှင့်မှုသတင်း

>> 2011年8月3日水曜日

(နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက
စစ်ကိုင်း၊ မင်းကွန်း၊ ဓမ္မနာဒကျောင်းတိုက်နှင့်
တိပိဋကကျောင်းတိုက်ကြီး(Seattle, Washinton, USA)၏ ဦးစီးပဓာနနာယက၊
မင်းကွန်း၊ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၊ ရန်ကုန်ပြင်ဦးလွင်အနီးစခန်းတို့ရှိတိပိဋကကျောင်းတော်တို့၏
စီမံအုပ်ချုပ်မှုမဟာနာယကတွဲဖက်အကျိုးတော်ဆောင်၊
ဂျပန်နိုင်ငံ နဂိုယာမြို့ ဗြဟ္မဝိဟာရကျောင်းတိုက်၏သြဝါဒါစရိယဆရာတော်
ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ

တရားပွဲအစီအစဉ်


AshinGandamalar


(နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရမထေရ်သည် ၂၀၁၁-ခုနှစ် သြဂုတ်လ(၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နာကအိတဘရှိရပ်ကွက်ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးသို့ သာသနာပြုခရီးကြွရောက်ကာ သီတင်းသုံးတော်မူမည်ဖြစ်ပါသည်။ ၂၀၁၁-ခုနှစ် သြဂုတ်လ(၇)ရက်နေ့တွင်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်အပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို အောက်ပါအစီအစဉ်အတိုင်း ဟောကြားပေးမည်ဖြစ်ပါသောကြောင့် ကြုံတောင့်ကြုံခဲ မြတ်ဘုရားရဲ့သားတော် (နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော်ကို ကြွရောက်ဖူးမြော်ကန်တော့ရင်း တရားဒေသနာတော်များကို နာယူမှတ်သားနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။


တရားပွဲအစီအစဉ်


တရားပွဲနေ့ရက်  ... ... ၂၀၁၁-ခုနှစ် သြဂုတ်လ(၇)ရက်နေ့


တရားပွဲအချိန်  ... ... ညနေ ၆း၃၀ နာရီမှ ည ၉း၀၀ နာရီ အချိန်ထိ


တရားပွဲကျင်းပမည့်နေရာ... ... မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ နာကချော၊ ချိအိခိစင်တာခန်းမ


တရားပွဲဖြစ်မြောက်ရေးအဖွဲ့


ထေရဝါဒပရိယတ္တိကျောင်းတော်


(MTBA) ဥပဋ္ဌာကအဖွဲ့


ITABASHI-KU NAKACHO 39-1


Phone: +81-3-3973-3348


e-mail:
mcwanmtba@gmail.com


နေ့ရက် - သြဂုတ်လ ရ ရက် (တနင်္ဂနွေနေ့)


တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်


www.livedhamma.com (CHANNEL A)


ဂျပန်စံတော်ချိန်- 6:30 pm


စင်္ကာပူစံတော်ချိန် - 5:30 pm


နယူးယောက်စံတော်ချိန် - 5:30 am


ရုရှားစံတော်ချိန် - 1:30 pm



www.dhammaflavour.net နှင့် ယခုအင်တာနက် စာမျက်နှာတို့မှလည်း တိုက်ရိုက်နာယူပူဇော်နိုင်ကြပါသည် ခင်ဗျာ။





Read more...

(န၀မ) တိပိဋကဓရဆရာတော် တရားပွဲ အစီအစဉ်

>> 2011年7月28日木曜日


မြတ်တရားတော်နာဖိတ်ကြားလွှာ


ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင် သူတော်စင်များအား နိဗ္ဗာန်အကျိုးမြော်ကိုး၍
နှိုးဆော်တိုက်တွန်းအပ်ပါသည်။


နဝမ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဂန္ဓမာလာလကာင်္ရမထေရ်မြတ်သည် ၂၀၁၁-ခုနှစ်၊ သြဂုတ်လဆန်း ၇-ရက်တနင်္ဂနွေနေ့ ညနေ ၆နာရီအချိန်၊ တိုကျိုမြို့ နာကအိတဘရှိ မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ တရားဟောခန်းမကြီးတွင် တွဲဖက်အတက်ခ်ျဖိုင်ပါ ဖိတ်စာအတိုင်း သံသရာဆင်းရဲဒုက္ခ အေးငြိမ်းစေရေး၊ နဂိုယာမြို့တော်တွင် ဗြဟ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းတော် ဖြစ်မြောက်ရေးတရားတော်များကို မေတ္တာရှေးထား ဟောကြားတော်မူမည်ဖြစ်ပါသည်။ မြတ်ဘုရားရဲ့သားတော် တိပိဋကဆရာတော်ဘုရားကြီးကို ဖူးမြော်ကြည်ညို ကန်တော့ရင်း တရားတော်များ နာကြားနိုင်ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

တရားပွဲဖြစ်မြောက်ရေးအဖွဲ့ 
MTBA ဥပဋ္ဌာကအဖွဲ့

တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းဖြန့်ဝေခြင်းအားဖြင့် ဓမ္မဒါနပြုတော်မူနိုင်ပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။





Read more...

ရွှေညဝါဆရာတော်ဘုရား ၏ တရားပွဲ ဓမ္မသဘင်

>> 2011年7月27日水曜日



ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အပေါင်းအား နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံမှ ရွှေညဝါဆရာတော်ဘုရား ၏ တရားပွဲ ဓမ္မသဘင်ကို ၃၁-၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ ၆နာရီ အချိန်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရွှေညဝါဆရာတော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ နာကအိတဘရှိ ရပ်ကွက်တွင် တည်ရှိသည့်မြန်မာဘုန်းတော်ကြီးကျောင်းတွင် ၂၉-၇-၂၀၁၁ သောကြာနေ့မှ စတင်၍ ၁၄-၈-၂၀၁၁- တနင်္ဂနွေနေ့တိုင်အောင် သီးတင်းသုံးတော်မူမည်ဖြစ်ပါသည်။

ရွှေညဝါဆရာတော်ဘုရားကြီးသည် မိမိကိုယ်ကျိုးမဘက် တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာတော်၏ မျက်နှာကိုသာကြည့်ပြီး မိမိတို့ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဘဝ တိုးတက်အောင်မြင်ရေးကို ရှေးရှုလျက် တရားဓမ္မတော်များကို ဟောကြားပြသ ညွှန်ပြတော်မူလျက်ရှိနေသည်မှာ လူမျိုးဘာသာ သာသနာတော်အတွက် တန်းဖိုးမဖြတ်နိုင်အောင်ပင် ထူးချွန်အောင်မြင်လျက်ရှိနေပါသည်။ သို့ပါ၍ ဆရာတော်ဘုရား ကြွရောက်သီးတင်းသုံးပြီး တရားရေအေးတိုက်ကျွေးခိုက် ကြုံတောင့်ကြုံခဲ တရားပွဲ ဓမ္မသဘင်ကို ကြွရောက်နာယူနိုင်ပါရန် အထူးနှိုးဆော်တိုက်တွန်းအပ်ပါည်။

ဆရာတော်ဘုရားသတင်းသုံးတော်မူသည့်အခိုက် ဆွမ်းကွမ်းဝေယျာဝစ္စတာဝန် ကပ္ပိယကာရကတာဝန်များကို ပြုလုပ်ဆောင်ရွက်လိုသော စေတနာရှင် သဒ္ဓကြည်လင်ပါရမီရှင်များအားလည်း လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန် ဖုံးနံပါတ်

080-4171-9333
03-3973-3348

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ
သဗ္ဗေသတ္တာ အဝေရာဟောန္တု



Shwe Nya War Sayar Taw Invitation 1

Read more...

အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် (အခမဲ့) ဂျပန်ဘာသာစကားပြောသင်တန်း

Read more...

ဝါဆိုသင်္ကန်းကပ်လှူပွဲ မှတ်တမ်းဓါတ်ပုံ


ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA)

၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် ကျင်းပပြီးစီးခဲ့သော ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ မှတ်တမ်းဓါတ်ပုံများ


Read more...

ထူးမြတ်တင့်ကဲ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ဖိတ်ကြားလွှာ

>> 2011年7月8日金曜日



အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်များအား မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်---

မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသာဝက ရဟန်းသံဃာတော်အရှင်သူမြတ်များ ဝါတွင်းသုံးလ မည်သည့် နေရာမျှ အကြောင်းမဲ့ ခရီးသွားလာခြင်းမပြုဘဲ မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်၌သာ သီတင်းသုံး နေထိုင်လျက် ဂန္ဓဓုရ၊ ဝိပဿနာဓုရ နှစ်ဖြာဓုရ ကျင့်သုံးရမည်ဟူသော ပညတ်တော်မူခဲ့သည့် ဝိနည်းဒေသနာတော်နှင့်အညီ မိမိတို့ မှီတင်းနေထိုင်ရာ ဂျပန်နိုင်ငံ၌လည်း တိုကျိုမြို့၊ နဂိုယာမြို့၊ အိဘရကိမြို့၊ ခိတကျူရှုးမြို့များ၌ မိမိတို့မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သီတင်းသုံးတော်မူလျက်ရှိကြပါသည်။ ထိုဆရာတော် သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သုံးဆောင်နိုင်ရန်အတွက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကြီးကို နှစ်စဉ်မပျက် ကျင်းပမြဲနေရာဖြစ်သော တိုကျိုမြို့၊ အိတဘရှိ- ရပ်ကွက်၌တည်ရှိသော ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA) ၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အစီအစဉ်

နေရာ။ ။ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA) ၊ အိတဘရှိ၊ နကချော ၃၉-၁၊ တိုကျိုမြို့
နေ့ရက်။ ။ ၁၀-၇-၂၀၁၁-ခုနှစ်၊ တနင်္ဂနွေနေ့ (၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)
အချိန်။ ။ နံနက် ၁၀း၃၀ ခန့်အချိန်တွင် ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။

နံနက် ၁၂း၀၀ အချိန်တွင် နေ့လည်စာ အတူတကွ သုံးဆောင်ကြပါမည်။
နေ့လည် ၁း၃၀ ခန့်အချိန်တွင် ပင့်ဖိတ်အပ်သည်ဖြစ်၍ အရပ်လေးမျက်နှာမှ ကြွရောက်တော်မူ ကြကုန်သော သံဃာတော် အရှင်သူမြတ်များအား စေတနာသုံးတန် ပြဋ္ဌာန်းကာ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်၊ စုပေါင်းရေစက်ချ အမျှဝေကြမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ဆရာတော်သံဃာတော်များအတွက် ဝါဆိုသင်္ကန်းကို မိမိတို့မြန်မာဘုန်းတော်ကြီးကျောင်းတွင် တစ်စုံလျှင် ယန်းသုံးထောင်နှုန်းဖြင့် ဝယ်ယူပူဇော်ကပ်လှူနိုင်ပါသည်။ သီးသန့်ဆွမ်း အလှူရှင်များ အနေဖြင့်လည်း ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်တို့အား ဧည့်ခံ ကျွေးမွေးနိုင်ရန် အလှူဒါနများပြုလုပ်နိုင်ပါသည်။

ဆက်သွယ်လှူဒါန်းရာဌာန

BANK ACCOUNT NUMBER --5559115(FUTSU),
OOMORI BRANCH, MIZUHO BANK
{ITABASHI-KU NAKACHO-39-1, TOKYO, JAPAN
PHONE 03-3973-3348 080-4171-9333}


Read more...

(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် တရားပွဲ

>> 2011年5月20日金曜日

(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိကဆရာတော်
ဘဒ္ဒန္တဣန္ဒပါလမထေရ်၏ ထေရုပတ္တိအကျဉ်း




တိပိဋကဓရလောင်းလျာဆရာတော်ကို ၁၃၂၂-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁၀)ရက် (၁၇-၇-၁၉၆၀)၊ တနင်္ဂနွေနေ့တွင် ခမည်းတော် ဦးငွေတင်အောင် + မယ်တော် ဒေါ်ပဲစိန်တို့မှ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ မကျည်းကျွန်း၌ ဖွားမြင်တော်မူခဲ့ပါသည်။

ဆရာတော်သည် ၁၉၇၂-ခုနှစ်တွင် ရှင်သာမဏေပြုကာ၊ ၁၉၈၁-ခုနှစ် ကဆုန်လပြည့်ကျော် (၈)ရက်နေ့တွင် မြင့်မြတ်တင့်ဆန်း အထက်တန်းရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ရဟန်းဖြစ်သည့်နှစ်မှာပင် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ တော်၊ ၁၉၈၆-ခုနှစ်တွင် သာသနာ့ဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့တော် တို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈-ခုနှစ်မှ ၂၀၁၁-ခုနှစ်ထိ (၆၂)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ၌ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရဆရာတော် ၁၂ပါး အောင်မြင်ပေါ်ထွန်းခဲ့ရာ နံပါတ် (၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော် ဖြစ်တော်မူခဲ့ပါသည်။ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့များတွင် အခက်ခဲဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ဘွဲ့တော်ဖြစ်ပါသည်။

ထိုမျှမကသေး။ ဆရာတော်သည် ၂၀၁၀-ခုနှစ်တွင် တရားဘဏ္ဍာတိုက်ကိုထိန်းသိမ်းစောင့်ရှောက်သူ- ဟူသော အဓိပ္ပါယ်ရသည့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တော်ကိုလည်း လက်ခံရရှိတော်မူခဲ့ပါသည်။ ယခုအခါ ဆရာတော်သည် အနယ်နယ်အရပ်ရပ်တွင် ပရိယတ္တိစာသင်တိုက်များ၊ သာသနာနုဂ္ဂဟအသင်းများ တည်ထောင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ တံတားများကို ကမကထပြု၍ တည်ဆောက်ပေးတော်မူခြင်း၊၊ ရခိုင်ပြည်နယ်တွင် တိုက်နယ်ဆေးရုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ ရမ်းဗြဲမြို့ နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိခွဲစိတ်ကုသပေးခြင်းစသော လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတော်မူခြင်း၊ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ကြီးကို စီမံအုပ်ချုပ်မှု မဟာနာယကတာဝန်များ ထမ်းဆောင်လျက် သာသနာပြုတော်မူဆဲဖြစ်ပါသည်။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ၂၀၁၁-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ နာကအိတဘရှိရပ်ကွက်ရှိ ထေရ၀ါဒပရိယတ္တိကျောင်းတော်ကြီးသို့ ပြည်ပသာသနာပြုခရီး ကြွရောက်ကာ သီတင်းသုံးတော်မူလျက်ရှိနေပါသည်။ ၂၀၁၁-ခုနှစ်၊ မေလ ၂၂-ရက်နေ့တွင် “မသေဆေးရှာပုံတော်” အမည်ရ တရားတော်ကို အောက်ပါအစီအစဉ်အတိုင်း ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေများအနေဖြင့် ကြုံတောင့်ကြုံခဲ မြတ်ဘုရား၏သားတော် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကို ကြွရောက်ဖူးမြော်ကန်တော့ရင်း တရားဒေသနာတော်များ နာယူမှတ်သားနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

  • တရားပွဲနေ့ရက် ။ ။ ၂၀၁၁-ခုနှစ်၊ မေလ (၂၂) ရက် (တနင်္ဂနွေနေ့)
  • တရားပွဲအချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၃) နာရီ မှ ညနေ (၅) နာရီ အထိ
  • တရားပွဲနေရာ။ ။ Toshima-Ku, Kami-Ikebukuro 2-5-1, Kenko Plaza, 7th Floor (မီးခိုးခေါင်းတိုင်အနီး)

တရားပွဲအစီအစဉ်ကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။

တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်(CHANNEL A)

ဂျပန်စံတော်ချိန် ညနေ ၃း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ

စင်္ကာပူစံတော်ချိန် ညနေ ၂း၀၀ နာရီ

မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ

ရုရှားစံတော်ချိန် နံနက် ၈း၀၀ နာရီ

နယူးယောက်စံတော်ချိန် နံနက် ၂း၀၀ နာရီ


ထုတ်လွှင့်မည့် အင်တာနက်လိပ်စာ - http://www.livedhamma.com





Read more...

နှစ်သစ်ဦးအလှူပွဲနှင့် ဆူနာမီငလျင်ဘေး ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း

>> 2011年4月27日水曜日



ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ နာဂအီတဘရှိအရပ်တွင်တည်ရှိသော ထေရ၀ါဒ ပရိယတ္တိကျောင်းတော်ကြီးမြန်မာနှစ်သစ်ဦးအလှူပွဲနှင့် ငလျင်၊ ဆူနာမ်ီဘေးဒဏ်ခံ ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း၊ အမျှပေးဝေခြင်းအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ၄၊ ၂၀၁၁) ရက်၊ တနင်္ဂနွေနေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မနက်ပိုင်းတွင် ကျောင်းတော်ကြီး၏ တာဝန်ခံကျောင်းထိုင်ဆရာတော်ဘုရားအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို နေ့လည်စား ထမင်းဟင်းများဖြင့် တည်ခင်းကျွေးမွေးဧည့်ခံပါသည်။ထို့နောက် မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားအစီအစဉ်ကို စတင်ပါသည်။

အစီအစဉ် (၁) အရ “နမောတဿ” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားစတင်ဖွင့်လှစ်ပြီး အစီအစဉ် (၂) အရ သြကာသ ကန်တော့ကျိုးဖြင့် ဘုရားကန်တော့၍ ဆရာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပါသည်။ အစီအစဉ် (၃) အရ ဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များကို ရိုသေစွာနာယူကြည်ညိုကြပါသည်။

အစီအစဉ် (၄) အရ ဆူနာမီဒုက္ခသည်များအတွက် ကောက်ခံရရှိထားသော အလှုငွေများကို ကြွရောက်လာသော ဧည့်ပရိတ်သတ်များ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် မည်ကဲ့သို့ လှူဒါန်းသွားမည်ကို ရှင်းလင်းတင်ပြပါသည်။

အစီအစဉ် (၅) အရ ကျောင်းထိုင်ဆရာတော်ဘုရားထံမှ အနုမောဒနာတရား စုပေါင်းနာယူကြပါသည်။ အစီအစဉ် (၆) အရ အားလုံးသောသတ္တဝါများအတွက် ဆုတောင်းမေတ္တာပို့သကြပြီး အစီအစဉ် (၇) အရ ဆူနာမီဘေးဒဏ် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးရှာသော ပုဂ္ဂိုလ်အပေါင်းကို ရည်စူး၍ အမျှအတမ်းပေးဝေကြပါသည်။

အခမ်းအနား အစီအစဉ် (၈) အရ “ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။


Read more...

Live Dhamma (Channel D For Japan)

တရားတော်များ ရုပ်သံ တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ်

(www.livedhamma.com မှ စီစဉ်တင်ဆက်ပါသည်။)



Streaming Video by Ustream.TV

မြန်မာ ပြက္ခဒိန်

မြန်မာ ပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

About This Blog

  © Blogger template Webnolia by Ourblogtemplates.com 2009

Back to TOP